Celebration of Sitagu Sayadaw’s Diamond Birthday Anniversary
Dear Sitagu Brothers, Sisters and Friends,
It is a great honour to have opportunity to inform you that THE LION’S OUTLOOK, Sitagu Students’ Research Journal (vol. iii) is going to be released on 7th March 2012 (Fullmoon Day, Tabaung, 1373) to mark the special occasion of Sitagu Sayadaw’s 75th Birthday.
All of you are cordially invited to contribute the genuine knowledge of academic research as an expression of utmost admiration for Sitagu Sayadaw’s incredible amount of Buddhasāsana works in the 20th and 21st Century ahead.
Much Mettā,
SitaguStar StudentSelection
10 December 2011 (Fullmoon Day, Nadaw, 1373)
Blog:
http://sitagustar.wordpress.com
Social Network:
http://facebook.com/sitagustar
Email:
The Lion’s Outlook
For Sitagu Adhipati Sayadaw’s 74th Birthday
A Humble Gift
From SiaguStar StudentSelection
နှိမ့်ချဖြေသိမ့် ကျေနပ်စိမ့်သူ
စာမေးပွဲကြီး စလို့ဖြေ
ငါက မပါနိုင်ပေ၊
ဖြေပြီးလျင် ပြန်သွားကြ
အပြုံးကိုယ်စီ မြိုင်လို့ပါ့။
ပျော်လိုက်ကြတဲ့ သူတို့ခင်ဗျာ
အဲဒီထဲမှာ ငါတော့မပါ။
ငါဆိုတာ အတ္တတရား
မာနာတရားနဲ့ တစ်လမ်းတည်းသမား။
ကဗျာဆရာလေး တကယ်မတရား၊
သနားတယ်ဆိုတဲ့ စကားလုံးအား
ဟို….ဟို….ဟိုး….
အဝေးကြီးမှာထား…
ဒါ…ဘ၀ပေးဘဲ… သိရဲ့လား..။
နန္ဒ(ရေခါး)
ရေးမိရေးရာ စိတ်စေရာ
ကိုယ်ရဲ့ကောင်းကျိုး
ရှုမျှော်ကိုးပြီး
ဘ၀င်တွေမြင့်
မာန၀င့်ကာ
ကိုယ်ကသာလျှင်
ဖိနှိပ်ချင်နဲ့။
ကိုယ့်ထက်သာလူ
ဘုရင်တမူ
ဘုရားတဆူအလား
ဖူးမှုတ်ကိုးကွယ်
နေကြတယ်….
ငါကား
ဘုရင်မဖြစ်ချင်ဘူး
သူငယ်ချင်းတို့ရယ်
အထင်ကြီး မခံရလည်း
လောကထဲမှာ
နေလို့ရပါတယ်။
“စိတ်”ဆိုသည်ကား
အဆန်းကြယ်သား
ပြန်လွန့်သွားသည့်နှယ်..။
NSD (တောင်ပေါ်)
ဒဏ်ရာ
အစိမ်းရင့်ရင့်
ဝန်းကျင်သစ်နဲ့
စိတ်သစ်လူသစ်
ဖြစ်ခဲ့ရပြီ…
ဟို..တရံဆီက
ဒုက္ခအမျိုးမျိုး
ခါးစည်းကျိုး၍
ခံစားခဲ့ရ
တစ်နေ့တာ…
ဘ၀စိတ်ကူး
ရင်၌မြူး၍
ယနေ့တိုင်ထိ
မပြည့်စုံခဲ့…။
ဒုက္ခများစွာ
ဒဏ်ရာတွေဖုံး
ဟန်ဆောင်အပြုံးတွေနဲ့
လောကကြီးကို ပြုံးကြည့်ခဲ့ရတဲ့ ငါ…
နေခြည်ခ (ရေခါး)
The Voice of Dhamma, 2011
အနာဂတ်လမ်း ဖြောင့်တန်းလိုသော်
ကြည့်စမ်းသူငယ်ချင်း
တက္ကသိုလ်ရဲ့ နေမင်းအောက်မှာ
ရွှေအဆင်းတွေ တဖျတ်ဖျတ်တောက်နေတဲ့
ပန်းပျိုးလက်တွေ….။
ပညာရေစင် အဖြန်းမှာ
ပွင့်လန်းမွှေးပြန့်လာကြမယ့်
ငွေသဇင်ပန်း အငုံလေးတွေ….။
သီတဂူဥယျာဉ်ကြီးထဲက
အတည်မငြီးဖွယ်ရာ
ဘ၀အလှဆင်နည်းတွေ….။
ကဲ သူငယ်ချင်း
မင်းအသိ မင်းအမြင်မို့
ဒို့ဘ၀သမိုင်း မရိုင်းရလေအောင်
အမှောင်ကို ခွင်းဖောက်
အလင်းရောက်စေတဲ့လမ်း
ဆက်လျှောက်လိုက်စမ်း…။
အရှင်ဝဇီရဉာဏ (ဘီအေ)
ထာဝရတမ်းတနေဆဲ
ဆရာတော်ဘုရား တည်ထောင်ထားသည့်
ဗုဒ္ဓကျောင်းလို တက္ကသိုလ်ကို
ဒို့လေတက်ခွင့် ရခဲ့သောအခါ
ပျော်ရွှင်မဆုံး ပီတိဖုံး၏။
မြတ်ဆရာတို့ သွန်သင်ပြသည့်
သာယာနာပျော် စကားတော်ကို
ရေးကာမှတ်ကာ ကြိုးစားကာဖြင့်
သူငယ်ချင်းများစွာ ပျော်ရွှင်စွာနှင့်
သင်ယူခဲ့ရာ ပျော်လို့မဆုံး
ပြုံးလို့မ၀ ထိုကာလကို
တကယ်ပါနော်
ယနေ့ထိတိုင် မမေ့နိုင်ပြီ။
ရွှေချော
ဘယ်သူပြိုင်လို့ နိုင်မှာလဲ
ရော်ရင့်ရွက်ကြွေ
တပေါင်းလေ၀ယ်
အဖူးစုံညီ ရွက်နုစီနဲ့
ဝေလီဆာဆာ ပန်းမာလာတို့
ပွင့်ဖူးကြမဲ့ ဒီအချိန်ခါဝယ်-
မိတ်ဆွေပေါင်းသင်း
သူငယ်ချင်းနှင့်
ရောင်းရင်းတို့အား
ရင်တွင်းဖြစ်ပျက်
တိုက်တွန်းချက်ဖြင့်
လက်ဖြန့်ကာလေ
ကြိုဆိုနေသည့်
SIBAရဲ့စေတနာကို
ဘယ်သူပြိုင်လို့ နိုင်မှာလဲ။
ဖြိုးဖြိုး-ပြည်
အိုအေစစ်လို တက္တသိုလ်
ဘ၀အတွက်
ရည်မှန်းချက်တွေနဲ့
လျှောက်လှမ်းခဲ့ရင်း
တောတောင်စခန်း
ကန္တာလမ်းမှာ
မောပန်းမှုကိုပယ်ဖျောက်ဖို့
အေးမြတဲ့ အိုအေစစ်
ရှာပုံတော်လှစ်ခဲ့တယ်။
ငါရောက်လို့လာ
တစ်နေရာကား
ပန်းမာလ်အုပ်ဆိုင်း
မေတ္တာလှိုင်းတွေနဲ့
တောရိုင်းမဟုတ်တဲ့ တက္တသိုလ်…။
အိုအေစစ်ဖြစ်တဲ့ တက္တသိုလ်…။
အေးချမ်းလိုက်ပါဘိ တက္တသိုလ်…။
အမော်(ငါန်းဇွန်)
