ထာဝရတမ်းတနေဆဲ
December 22, 2010
ဆရာတော်ဘုရား တည်ထောင်ထားသည့်
ဗုဒ္ဓကျောင်းလို တက္ကသိုလ်ကို
ဒို့လေတက်ခွင့် ရခဲ့သောအခါ
ပျော်ရွှင်မဆုံး ပီတိဖုံး၏။
မြတ်ဆရာတို့ သွန်သင်ပြသည့်
သာယာနာပျော် စကားတော်ကို
ရေးကာမှတ်ကာ ကြိုးစားကာဖြင့်
သူငယ်ချင်းများစွာ ပျော်ရွှင်စွာနှင့်
သင်ယူခဲ့ရာ ပျော်လို့မဆုံး
ပြုံးလို့မ၀ ထိုကာလကို
တကယ်ပါနော်
ယနေ့ထိတိုင် မမေ့နိုင်ပြီ။
ရွှေချော
No comments yet