ရေးမိရေးရာ စိတ်စေရာ
January 8, 2012
ကိုယ်ရဲ့ကောင်းကျိုး
ရှုမျှော်ကိုးပြီး
ဘ၀င်တွေမြင့်
မာန၀င့်ကာ
ကိုယ်ကသာလျှင်
ဖိနှိပ်ချင်နဲ့။
ကိုယ့်ထက်သာလူ
ဘုရင်တမူ
ဘုရားတဆူအလား
ဖူးမှုတ်ကိုးကွယ်
နေကြတယ်….
ငါကား
ဘုရင်မဖြစ်ချင်ဘူး
သူငယ်ချင်းတို့ရယ်
အထင်ကြီး မခံရလည်း
လောကထဲမှာ
နေလို့ရပါတယ်။
“စိတ်”ဆိုသည်ကား
အဆန်းကြယ်သား
ပြန်လွန့်သွားသည့်နှယ်..။
NSD (တောင်ပေါ်)
Advertisement
No comments yet