ကြယ်စင်သစ်ရဲ့ အားမာန်

သီတဂူရဲ့
ဝင်ခွင့်ဖြေတဲ့ အခန်းထဲမှာ
စိုးတထိတ်ထိတ် တုန်လှုပ်စိတ်နဲ့
ရင်ဝယ်လှိုင်းထန် မုန်တိုင်းမာန်သို့
ပြင်းထန်လှုပ်ရှားခဲ့ရတယ်….
ဖြေပြီးပြန်တော့ (စာမေးပွဲကို)
ရှုံးနိမ့်စေခြင်း မျှားတစ်စင်းနဲ့
ဖောက်ထွင်းမှာလည်း စိုးမိတယ်…
နောက်ဆုံးတော့
သိမ်ငယ်တဲ့စိတ် ကြိတ်မှိတ်ဖြေရင်း
ညဥ့်အာကာယံထက် မော့ကြည့်မိတော့
ရှေ့သို့သာသွား သောကြာကြယ်အား
မြင်စဉ်ခဏ အားတက်ခဲ့ပြီ….
ဘယ်တော့နောက်မဆုတ်
ဇွဲလုံ့ ထုတ်ပြီး
ပန်းတိုင်သို့သာ လျှောက်လှမ်းမည်….

ခင်မြင့်မိုရ်

Leave a comment